အခန်း(၁)
ရှေးလွန်ခဲ့သော နှစ်ပေါင်းရှစ်ရာကျော်ခန့်က ပုဂံပြည်၌ အနော်ရထာမင်းကြီး ထီးနန်းသိမ်းပိုက်စိုးစံတော်မူစဉ် ပုဂံပြည်အနယ်နယ်အရပ်ရပ်၌ အရည်းကြီးတို့၏ မစစ်မှန်သောအယူဝါဒများ လွှမ်းမိုးနေခဲ့သည်။ အနော်ရထာမင်းကြီးနန်းတက်လာသောအခါ ထိုအယူဝါဒများကို မနှစ်သက် သဖြင့် စစ်မှန်သော သာသနာကို တောင့်တလျှက်ရှိသည်။ ထိုစဉ် သထုံပြည်မှ အရှင်အရဟံသည် သာသနာပြုရန်ပုဂံပြည်သို့ ကြွလာ၏ အနော်ရထာမင်းကြီးသည် ရှင်အရဟံကို ဖူးတွေ့ရသော် များစွာကြည်ညိုလှ၏ ပုဂံပြည်၌ သာသနာပြုပါရန်
လျှောက်ထားတောင်းပန်၏ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ အကူအညီဖြင့်အရည်းကြီးများအယူဝါဒ ကိုဖယ်ရှားသုတ်သင်၏။
ထို့အပြင် စစ်ရေးအရ ရှင်းလင်းသုတ်သင်ရန် လိုအပ်သောနေရာများသို့ ဓါးရေး-လှံရေး ကျွမ်းကျင်သော စစ်သည်သုံးကျိပ်အား ရွေးချယ်၍
အနယ်နယ်အရပ်ရပ်သို့ စေလွှတ်တာဝန်ပေးအပ်ခဲ့လေသည်။ ထိုသို့ ရွေးချယ်တာဝန်ပေးစေလွှတ်ည့်အထဲတွင် ရဲသီဟ နှင့်တို့စစ်သည်ညီအစ်ကို နှစ်ဦးတို့မှာ ရမည်းသင်းခရိုင်အတွင်း နှိမ်နှင်း တာဝန်ပေးစေလွှတ်ခြင်း ခံရလေသည်။ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့ ညီအစ်ကိုနှစ်ဦးမှာ တာဝန်ပေးသည့်အတိုင်း ရမည်းသင်းခရိုင်အတွင်း လှည့်လည်၍ မစစ်မှန်သော အရည်းကြီးတို့၏ အယူဝါဒ လွှမ်းမိုးမှု့များအား စစ်သေနင်္ဂဗျူဟာနည်းများအရ လိုအပ်သလို နည်းအမျိုးမျိုးဖြင့် ရှင်းလင်းသုတ်သင်၍ အရည်းကြီးတို့ကို လူဝတ်လဲစေပြီးနိုင်ငံတော်အတွင်း သင့်လျှော်သော အလုပ်အကိုင်များပေးကာ လုပ်ကိုင်စေခဲ့သည်။ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့နှစ်ဦးသည် ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ မြို့စားများအဖြစ် ပေးသနားရန် အမိန့်ချမှတ်၍အစ်ကိုဖြစ်သူ ရဲသီဟ မှာ ရမည်းသင်းမြိုစားအဖြစ်ခန့် အပ်ခြင်းခံရလေသည်။
အခန်း(၂)
ပျဉ်းမနားမြို့၏ အနောက်ဘက် ကြက်ဆူအိုင်သိုက်မှ သိုက်စောင့် ညီအမ နှစ်ယောက်သည် လမ်းပျဉ်းမနားရွာ ဦးဖြိုး+ဒေါ်မယ်သာ တို့၏ ၀မ်းတွင်လူဝင်စား အမွှာညီအမအဖြစ် မွေးဖွားခဲ့သည်။ အကြီးမမှာ သအားဖြူသူဖြစ်၍ မဖြူဟု အမည်ပေးပြီး ၊ အငယ်မမှာ အသားညိုသူဖြစ်၍ မယ်ညိုဟု အမည်မှည့် ခေါ်ခဲ့လေသည် ။
ဦးဖြိုး+ဒေါ်မယ်သာ တို့သည် ဈေးရောင်းဈေးဝယ် လုပ်ကိုင်စားသောက်ကြသူများဖြစ်၍ ယခု ကျည်တောင်ကျေးရွာ၏ အနောက်ဖက် မနီးမဝေးတွင် ခေတ္တတည်းခို၍ ကျည်တောင်ကျေးရွာ နှင် ပါတ်ဝန်းကျင်ကျေးရွာများသို့ ဈေးရောင်းသွားလေ့ရှိကြလေသည်။
မဖြူ-မညို တို့မှာ ငယ်ရွယ်သူလေးများဖြစ်၍ မိခင်ဖခင်များ ဈေးရောင်းသွားရာသို့ ညနေတိုင်းသွားရောက်ကြိုလေ့ရှိကြသည် ။
ယင်းသို့ မိခင်ဖခင်များ ပြန်မလာသည့် အခါ အမြဲတမ်းသွားရောက်မျှော်ကြည့်ခဲ့ရသော ရွာလေးအား " ကြည့်တောင်ရွာ " ဟုနောင်တွင်အမည်တွင်ခဲ့လေသည် ။ ကာလရွေ့လျားလာသောအခါ ယခု "ကျည်တောင်ရွာ" ဟုအမည်တွင်ခဲ့လေသည် ။
ယင်းသို့ မိခင်ဖခင်များ ပြန်မလာသည့် အခါ အမြဲတမ်းသွားရောက်မျှော်ကြည့်ခဲ့ရသော ရွာလေးအား " ကြည့်တောင်ရွာ " ဟုနောင်တွင်အမည်တွင်ခဲ့လေသည် ။ ကာလရွေ့လျားလာသောအခါ ယခု "ကျည်တောင်ရွာ" ဟုအမည်တွင်ခဲ့လေသည် ။
ထိုနေရာမှတဆင့်တိုး၍ သွားရောက်ပြီး မိခင်ဖခင်များအား ခေါ်မှ မိခင်ဖခင်များ နှင့် အမြဲတွေ့ဆုံနေကြရွာကလေးအား " ခေါ်မရွာ"ယခု " ခေါမရွာ" ဟုအမည်တွင် ခေါ်ဝေါ်သမုဒ်ကြလေသည် ။
မဖြူ-မညိုတို့ ညီအမနှစ်ယောက် အရွယ်ရောက်လာကြသောအခါ ဦးဖြိုး+ဒေါ်မယ်သာ တို့သည် လမ်းပျဉ်းမနား နှင့် တဆင့်ကူး၍သွားလိုက်ပြန်လိုက် ရောင်းဝယ်လုပ်ကိုင် စားသောက် နေကြရာမှ ရေကြည်ရာမြက်နုရာဖြစ်သည့် ယခုကျည်တောင်ရွာကလေးသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ဈေးရောင်းဈေးဝယ် လုပ်ရင်းတောင်သူလုပ်ငန်းပါတွဲဖက် လုပ်ကိုင်စားသောက်ကြလေသည်။
ထိုအချိန်တွင် ပေါင်းလောင်းမြစ်၏ အရှေ့ဖက်ကမ်း တောင်ခြေတ၀ိုက်၌ တောင်သူလယ်သမားများ စိုက်ပျိုးထားသောကောက်ပဲ သီးနှံများအား ဆင်ဖြူတော်သုံးစီး ရံဖန်ရံခါ ၀င်ရောက်ဖျက်ဆီးလျက်ရှိသည်။၎င်းသတင်းစကားအား ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးထံသို့နားတော်ပေါက်ကြားသောအခါ မရမနေဖမ်းဆီးရန် မင်းမိန့်ဖြင့် ရမည်းသင်းမြို့စား ရဲသီဟ နှင့် ညီဖြစ်သူ ရဲဒိဗ္ဗတို့အား တာဝန်ပေးစေလွှတ်ရာရဲသီဟ နှင့် ရဲဒိဗ္ဗတို့ ညီအစ်ကိုနှစ်ဦးသည် ကျည်တောင်ရွာသို့ ရောက်ရှိလာပြီး ဆင်ဖြူတော်များ၏ သတင်းကိုစုံစမ်း၍ ပေါင်းလောင်းမြစ်၏ အရှေ့ဘက်ကမ်းသို့ကူးခါ ယခု ဆင်ဖြူတောင်ဟုခေါ်သော တောင်တော်အနီးဇီးပင်များ ၀ိုင်းရံလျက်နေသော နေရာ၌ခေတ္တစခန်းချနေ
ထိုင်ကြလေသည် ။
ထိုင်ကြလေသည် ။
ယင်းကဲ့သို့ ဆင်ဖြူတော်များဖမ်းဆီးရန် ခေတ္တစခန်းချနားခိုနေထိုင်သော ဇီးပင်များဝန်းရံလျှက်ရှိသည့် ၄င်းနေရာလေးအား နောင်အချိန်တွင် ရွာတည်ဆောက်သောအခါ "ဇီးဝိုင်းရွာ" ယခု "ဇီးရိုင်းရွာ" ဟု အမည်တွင်ခဲ့လေသည် ။ဆက်လက်၍ ဆင်ဖြူတော်များ၏ သွားလာလှုပ်ရှားမှု့သတင်းအားစုံစမ်းရင်းလိုက်လံရှာဖွေဖမ်းဆီးရာ ဆင်ဖြူတော်များမှာ ယခုဆင်ဖြူတောင် ဟုခေါ်သော တောင်တော်၌မြေကိုခွင်း၍ ၀င်ရောက်ပျောက်ကွယ်သွားပြီး ဆင်ဖြူတော်များ မြေကိုခွင်း၍ ၀င်သွားသောတွင်းသာလျှင်တွေ့ရလေသည် ။
ယင်းကဲ့သို့ ဆင်ဖြူတော်များ မြေကိုခွင်း၍ ပျောက်ကွယ်သွားရာ ထိုတောင်တော်အား ယခုအခါ "ဆင်ဖြူတောင်" ဟူ၍ခေါ်ဝေါ်သမုဒ်ကြလေသည်။ဆင်ဖြူတော်များမြေကိုခွင်း၍ ပျောက်ကွယ်သွားသော ဆင်ဖြူတွင်းမှာ ယခုအချိန်ထိ အထင်အရှားရှိနေပေသည်။ ရဲသီဟနှင့်ရဲဒိဗ္ဗ တို့ညီအစ်ကို နှစ်ဦးသည် ဆင်ဖြူတော်များ ပြန်လည်ထွက်လာမည့် အချိန်ကိုစောင့်ဆိုင်းစုံစမ်းရင်း ကျည်တောင်ရွာလေးသို့ ပြန်လည်ရောက်ရှိ၍ စခန်းချနေထိုင်ကြစဉ် ဘ၀ရေစက်ကြောင့် ဦးဖြိုး+ဒေါ်မယ်သာ တို့၏ သမီးချောနှစ်ယောက်ဖြစ်သည့် မဖြူ- မညိုတို့နှင့် ရင်းနှီး
ကျွမ်းဝင်၍ မေတ္တာမျှခဲ့ကြလေသည် ။
ကျွမ်းဝင်၍ မေတ္တာမျှခဲ့ကြလေသည် ။
ထိုအချိန်တွင် တိုင်းရေးပြည်ရေးအခြေအနေအရ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ ရဲသီဟနှင့် ရဲဒိဗ္ဗ တို့ညီအစ်ကိုနှစ်ယောက်အားအမြန်ပြန်လာရန် အမိန့်တော်ရောက်ရှိ၍ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့သည် မဖြူ-မညိုအား မင်းအမိန့်ကြောင့် ပြန်ရမည်ဖြစ်၍ သုံးလကြာလျှင် ပြန်လာပြီးလက်ထပ်ထိမ်းမြှားပါမည်ဟု ကတိပြုကာ ပုဂံမင်းနေပြည်တော်သို့ပြန်သွားကြလေသည်။
အခန်း(၃)
ကြက်ဆူအိုင်သိုက်မှ သိုက်နန်းရှင်များသည် သိုက်ဆရာ၏ အန္တရာယ်ကြောင့် ရွှေလှေ ငွေလှေများ လှော်ခတ်၍ အရှေ့စူးစူးအတိုင်းနေရောင်ပြအင်းကိုဖြတ်ပြီး ထွက်ခွာလာကြရာ ကျည်တောင်ကျေးရွာ၏ အနောက်ဖက် ယခုကြာကန်ကြီးဟုခေါ်သော ရေကန်သို့အရောက်တွင် ခေတ္တနားနေ၍ ငုတ်လျှိုပျောက်ကွယ်ခဲ့လေသည် ။
ယင်းသို့ ရွှေလှေ ငွေလှေများ ခေတ္တနားနေခဲ့သောနေရာအား ယခုအခါ " ကြာကန်ကြီး" ဟု အမည်တွင်ခဲ့လေသည်။ ကြက်ဆူအိုင်ကျေးရွာမှ သိုက်ဆရာ ဦးကံဝသည် သိုက်စာအရ ဦးပဉ္ဇင်းဝတ်၍ ကျည်တောင်ကျေးရွာသို့ ရောက်ရှိလာပြီး တပည့်ဖြစ်သူမောင်ကျောက်ဖားဆိုသူနှင့် သိုက်တူးရန် စီစဉ်ကြလေသည် ။
No comments:
Post a Comment