ကြက်ဆူအိုင်သိုက်မှ သိုက်စာ ( သို့ ) လှေခွင်းတောင်သမိုင်း

 အခန်း (၄)

ကျည်တောင်ရွာ အနောက်ဖက် ညောင်လန်းပင်ကြီးအနီး ဘီလူးမကြီးတွေ့လိမ့်မည် ချည်မန်းကွင်းစွပ်ထားလေ .........ဘီလူးမကြီးအနီး ရေကန်တစ်ခုရှိသည် ။ ဂါထာမန္တာန်စုတ်က ကျွဲရုပ်ကြီးပေါ်လာပါလိ့မ်မည် ။ ကျွဲရုပ်ကြီးကို ချည်မန်းကွင်းနှင့် ဖမ်းချုပ်ဆေးကြိမ်တုန်နှင့် ရွယ်ရုံသာရွယ်ပါ ။ မရိုက်လေနဲ့ ရိုက်ပါက ဂါထာမန္တန်ပျက်လိမ့်မည် ။

ဖမ်းချုပ်ထားသော ကျွဲရုပ်ကို (၇) ကြိမ်  ဂါထာမန္တာန် မန်းမှုတ်ပါက ရေကန်အတွင်းမှ ရွှေသားအတိပြီးသော လောင်းလှေတစ်စင်းပေါ်လာလိမ့်မည် ၊ ၄င်းအတွင်း၌ ရွှေကြုတ်ငယ်နှင့် ထည့်ထားသော ပြဒါးမှာ အသက်ကမ္ဘာတည်နိုင်သည် ယူင်စားသုံးပါလေ ။

အဆိုပါ သိုက်စာအရသိုက်ဆရာ ဦးကံဝသည် တပည့်ဖြစ်သူမောင်ကျောက်ဖားကို ခေါ်သွားပြီးဘီလူးမကျောက်ရုပ်ကို ဂါထာမန္တာန်မန်းမှုတ်ခါ ချည်မန်းကွင်းနှင့် လည်ပင်းကိုစွပ်ထားလေသည် ။ရေကန်ပေါ်မှနေ၍ ဂါထာမန္တာန်စုတ်သောအခါ မကြာမီ ကျွဲရုပ်ကြီး
ပေါ်လာလေသည် ။ လည်ပင်းကိုချည်မန်းကွင်းနှင့် စွပ်ထားပြီး တပည့်ဖြစ်သူအား မည်မျှလှုပ်လှုပ်မရုက်လေနဲ့ ရွယ်ရုံသာရွယ်ဟုဆေးကြိမ်တုန်ကို မောင်ကျော်ဖားအားပေးထားကာ ရွှေသားအတိပြီးသော လောင်းလှေပေါ်လာရန် သိုက်ဆရာက ဂါထာမန္တာန် စုတ်၍နေလေသည် ။




ဦးဖြိုး+ဒေါ်မယ်သာတို့မှာ လယ်ယာလုပ်ငန်းခွင်သို့ သမီးဖြစ်သူ မဖြူ-မညိုတို့နှင့် အတူလာရောက်ကြသည့်အခါတိုင်း ကျောက်ဘီလူးမရုပ်ကြီးအား စားဦးသောက်ဦး တင်မြှောက်လေ့ရှိကြသည် ။ ထို့နေ့တွင် ကျောက်ဘီလူးမရုပ်ကြီးမှ ချည်မန်းကွင်းဖြုတ်ပေးရန်


အော်ဟစ်အကူအညီတောင်းနေရာ ဦးဖြိုး+ဒေါ်မယ်သာ တို့မှာကြောက်ရွံ့သောစိတ် သနားဂရုနာသက်သောစိတ်တို့ဖြင့် အရဲစွန့်ကာ ချည်မန်းကွင်းကိုဖြုတ်ပေးလိုက်ရာ  ကျောက်ဘီလူးမရုပ်ကြီးသည် နေရာမှထပြီး နင်တို့ကိုကျေးဇူးတင်တယ် ၊ ငါထိုင်တဲ့နေရာအောက်
မှာရွှေငွေ ကျောက်သံပတ္တမြားတွေအများကြီးပဲရှိတယ် ၊ နင်တို့ အကုန်ယူတော့ဟုပြောပြီး  သိုက်ဆရာများရှိသည့် ရေကန်ဆီသို့လျှင်မြန်သော ခြေလှမ်းများဖြင့် ထွက်သွားလေသည် ။
သိုက်ဆရာ ဦးကံဝ (ခေါ် ) ဦးပဉ္ဇင်း၏ ဂါထာမန္တာန်တော်တို့ကြောင့် ငုတ်လျှိုးနေသောရွှေလှေကြီးသည် ရေပေါ်သို့ ပေါ်လာပြီး ထိုအချိန်တွင် ကျောက်ဘီလူးမရုပ်ကြီး အနီးသို့ရောက်ရှိလာသောအခါ တပည့်ကျော် မောင်ကျောက်ဖားမှ ကြောက်စိတ် ဒေါသစိတ်များဖြင့် ကျွဲရုပ်ကြီးအား ဆေးကြိမ်တုတ်ဖြင့် တအားကြုံး၍ရိုက်ရာ  စူးစူးဝါးဝါးအသံများ ဟိန်းပြီးကျွဲရုပ်ကြီးမှာရေထဲသို့ငုတ်လျှိုပျောက်ကွယ်သွားလေသည် ။ သိုက်ဆရာ၏ ဂါထာမန္တာန်ကြောင့် ရေပေါ်ပေါ်လာသော ရွှေလှေကြီးသည်ရေ


ကန်အလယ်မှ အရေ့ဘက်စူးစူးရှိ တောင်တော်ဆီသို့ ထွက်ခွါသွားပြီး ကြီးမားခိုင်မာလှသည့် ကျောက်တောင်ကြီးကို ခွင်းဝင်ကာငုတ်လျှိုးပျောက်ကွယ်သွားလေသည် ။
သိုက်ဆရာဦးကံဝ (ခေါ်) ဦးပဉ္ဖင်းနှင့် တပည့်ကျော် ကျောက်ဖားတို့မှာလည်း အလိုအလျှောက် မြေပေါ်တွင်ပျော့ခွေကျသွားပြီး အသက်ပျော်သွားကြလေသည် ။ရွှေလှေငွေလှေများ ခွင်းဝင်ပျောက်သွားသည့် ကျောက်ကွဲကြီးမှာ ဖြောင့်တန်းစွာ ပိုင်းဖြတ်ထားဘိသကဲ့သို့ အကျယ် (၃) ပေခန့် ၊ အမြင့် (၂၅) ပေခန့် ၊ အလျား (၄၀) ခန့်မှာ ယခုအချိန်ထိအထင်အရှားရှိခဲပေသည် ။


ရှေးအခါက အဆိုပါကွဲအက်နေသော ကျော်ကွဲကြားက လေမှုတ်ထုတ်ခြင်း ၊ အတွင်းပိုင်းသို့ လေများစုတ်ယူခြင်းများရှိခဲ့ကြောင်း ၊ ထိုကျောက်ကွဲကြီးထဲသို့ လက်ကိုင်ပုဝါခကြည့်က  မှုတ်ထုတ်သည့်လေအားကြောင့် မည်သို့ပင်အောက်သို့  ပစ်ချစေကာမူ


အထက်သို့ပြန်တက်လာကြောင်း  လှေခွင်းတောင်တန်ခိုးကြီးကျောင်း၌  ယခင်သတင်းသုံးခဲ့သော ဘရသေ့ကြီး ဦးက္ကန္ဒ၏ မိန့်ဆိုပြောကြားချက်အရ သိရှိရပေသည်။ယင်းကဲ့သို့  သိုက်နန်းရှင်များ နှင့် ရွှေလှေငွေလှေများ ခွင်းဝင်ပျောက်ကွယ်သွားသည်ကိုအကြောင်းပြ၍ထိုတောင်တော်အား  "လှေခွင်းတောင်" ဟူ၍ ၄င်း -ရွှေလှေငွေလှေများ ထွင်းဝင်သွားရာ ကျောက်ကွဲကြီးမှာ ညီညာဖြောင့်တန်းစွာ
ပိုင်းဖြတ်ဖောက်ထားသည့် အလားတည်ရှိနေသည်ကို အကြောင်းပြ၍ "လှေထွင်းတောင်"  ဟူ၍ ၄င်း -တောင်တော်နှင့်  (၂)မိုင် ပါတ်လည်အတွင်း၌ ဆောင်းရာသီတွင် အခြားအရပ်ဒေသများနှင့် မတူထားခြားစွာ လေတိုက်ခတ်ခြင်းကို အကြောင်းပြု၍ "လေတွင်းတောင်"ဟူ၍ ၄င်း - နတ်သကြား ဗြဟ္မာများ အမြဲစောင့်ရှောက်၍ ဘုရားတည်ထားကိုးကွယ်ရာတောင်တော် အရိယာနွယ်ဝင် သူတော်စင်များ တ
ရားဘာဝနာကျင့်ကြံကြိုးကုတ် အားထုတ်ရာတောင်တော် - ထိုကဲ့သို့  ထူးကဲမြင့်မြတ်သော ဂုဏ်ဆောင်သည့် တောင်တော်ထူးတောင်တော်မြတ်ဖြစ်သဖြင့်  "ဓါတ်တောင်-နတ်တောင်" (၀ါ) "သုံးပန်လှတောင်တော်" ဟူ၍အမွှန်းတင်ခေါ်ဝေါ် သမုဒ်ကြလေသည်။
မည်သို့ပင်ဖြစ်စေ ဤတောင်တော်တွင် သိုက်နန်းရှင်များနှင့် ရွှေလှေငွေလှေများ ခွင်းဝင်ခဲ့သည့်အချိန်မှစ၍ သာသနာ့အလင်းရောင်များထွင်းလင်းပေါ်ပေါက်ခဲ့သည်ကို အကြောင်းပြ၍ "သာသနာ့အလင်းရောင်  လှေခွင်းတောင်" ဟု ယနေ့တိုင် ခေါ်ဝေါ် သမုဒ်ခဲ့ကြလေ


သည် ။

ဆက်လက်ဖတ်ရှုရန်...

လှေခွင်းတောင်သမိုင်း

 အခန်း(၁)
ရှေးလွန်ခဲ့သော နှစ်ပေါင်းရှစ်ရာကျော်ခန့်က ပုဂံပြည်၌ အနော်ရထာမင်းကြီး ထီးနန်းသိမ်းပိုက်စိုးစံတော်မူစဉ် ပုဂံပြည်အနယ်နယ်အရပ်ရပ်၌ အရည်းကြီးတို့၏ မစစ်မှန်သောအယူဝါဒများ လွှမ်းမိုးနေခဲ့သည်။ အနော်ရထာမင်းကြီးနန်းတက်လာသောအခါ ထိုအယူဝါဒများကို မနှစ်သက် သဖြင့် စစ်မှန်သော သာသနာကို တောင့်တလျှက်ရှိသည်။ ထိုစဉ် သထုံပြည်မှ အရှင်အရဟံသည် သာသနာပြုရန်ပုဂံပြည်သို့ ကြွလာ၏ အနော်ရထာမင်းကြီးသည် ရှင်အရဟံကို ဖူးတွေ့ရသော် များစွာကြည်ညိုလှ၏ ပုဂံပြည်၌ သာသနာပြုပါရန်
လျှောက်ထားတောင်းပန်၏ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ အကူအညီဖြင့်အရည်းကြီးများအယူဝါဒ ကိုဖယ်ရှားသုတ်သင်၏။
ထို့အပြင် စစ်ရေးအရ ရှင်းလင်းသုတ်သင်ရန် လိုအပ်သောနေရာများသို့ ဓါးရေး-လှံရေး ကျွမ်းကျင်သော စစ်သည်သုံးကျိပ်အား ရွေးချယ်၍
အနယ်နယ်အရပ်ရပ်သို့ စေလွှတ်တာဝန်ပေးအပ်ခဲ့လေသည်။ ထိုသို့ ရွေးချယ်တာဝန်ပေးစေလွှတ်ည့်အထဲတွင် ရဲသီဟ နှင့်တို့စစ်သည်ညီအစ်ကို နှစ်ဦးတို့မှာ ရမည်းသင်းခရိုင်အတွင်း နှိမ်နှင်း တာဝန်ပေးစေလွှတ်ခြင်း ခံရလေသည်။ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့ ညီအစ်ကိုနှစ်ဦးမှာ တာဝန်ပေးသည့်အတိုင်း ရမည်းသင်းခရိုင်အတွင်း လှည့်လည်၍ မစစ်မှန်သော အရည်းကြီးတို့၏ အယူဝါဒ လွှမ်းမိုးမှု့များအား စစ်သေနင်္ဂဗျူဟာနည်းများအရ လိုအပ်သလို နည်းအမျိုးမျိုးဖြင့် ရှင်းလင်းသုတ်သင်၍ အရည်းကြီးတို့ကို လူဝတ်လဲစေပြီးနိုင်ငံတော်အတွင်း သင့်လျှော်သော အလုပ်အကိုင်များပေးကာ လုပ်ကိုင်စေခဲ့သည်။ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့နှစ်ဦးသည် ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ မြို့စားများအဖြစ် ပေးသနားရန် အမိန့်ချမှတ်၍အစ်ကိုဖြစ်သူ ရဲသီဟ မှာ ရမည်းသင်းမြိုစားအဖြစ်ခန့် အပ်ခြင်းခံရလေသည်။
အခန်း(၂)
ပျဉ်းမနားမြို့၏ အနောက်ဘက် ကြက်ဆူအိုင်သိုက်မှ သိုက်စောင့် ညီအမ နှစ်ယောက်သည် လမ်းပျဉ်းမနားရွာ ဦးဖြိုး+ဒေါ်မယ်သာ တို့၏ ၀မ်းတွင်လူဝင်စား အမွှာညီအမအဖြစ် မွေးဖွားခဲ့သည်။ အကြီးမမှာ သအားဖြူသူဖြစ်၍ မဖြူဟု အမည်ပေးပြီး ၊ အငယ်မမှာ အသားညိုသူဖြစ်၍ မယ်ညိုဟု အမည်မှည့် ခေါ်ခဲ့လေသည် ။
ဦးဖြိုး+ဒေါ်မယ်သာ တို့သည် ဈေးရောင်းဈေးဝယ် လုပ်ကိုင်စားသောက်ကြသူများဖြစ်၍ ယခု ကျည်တောင်ကျေးရွာ၏ အနောက်ဖက် မနီးမဝေးတွင် ခေတ္တတည်းခို၍ ကျည်တောင်ကျေးရွာ နှင် ပါတ်ဝန်းကျင်ကျေးရွာများသို့ ဈေးရောင်းသွားလေ့ရှိကြလေသည်။
မဖြူ-မညို တို့မှာ ငယ်ရွယ်သူလေးများဖြစ်၍ မိခင်ဖခင်များ ဈေးရောင်းသွားရာသို့ ညနေတိုင်းသွားရောက်ကြိုလေ့ရှိကြသည် ။
ယင်းသို့ မိခင်ဖခင်များ ပြန်မလာသည့် အခါ အမြဲတမ်းသွားရောက်မျှော်ကြည့်ခဲ့ရသော ရွာလေးအား " ကြည့်တောင်ရွာ " ဟုနောင်တွင်အမည်တွင်ခဲ့လေသည် ။ ကာလရွေ့လျားလာသောအခါ ယခု "ကျည်တောင်ရွာ" ဟုအမည်တွင်ခဲ့လေသည် ။
ထိုနေရာမှတဆင့်တိုး၍ သွားရောက်ပြီး မိခင်ဖခင်များအား ခေါ်မှ မိခင်ဖခင်များ နှင့် အမြဲတွေ့ဆုံနေကြရွာကလေးအား " ခေါ်မရွာ"ယခု " ခေါမရွာ" ဟုအမည်တွင် ခေါ်ဝေါ်သမုဒ်ကြလေသည် ။
မဖြူ-မညိုတို့ ညီအမနှစ်ယောက် အရွယ်ရောက်လာကြသောအခါ ဦးဖြိုး+ဒေါ်မယ်သာ တို့သည် လမ်းပျဉ်းမနား နှင့် တဆင့်ကူး၍သွားလိုက်ပြန်လိုက် ရောင်းဝယ်လုပ်ကိုင် စားသောက် နေကြရာမှ ရေကြည်ရာမြက်နုရာဖြစ်သည့် ယခုကျည်တောင်ရွာကလေးသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ဈေးရောင်းဈေးဝယ် လုပ်ရင်းတောင်သူလုပ်ငန်းပါတွဲဖက် လုပ်ကိုင်စားသောက်ကြလေသည်။
ထိုအချိန်တွင် ပေါင်းလောင်းမြစ်၏ အရှေ့ဖက်ကမ်း တောင်ခြေတ၀ိုက်၌ တောင်သူလယ်သမားများ စိုက်ပျိုးထားသောကောက်ပဲ သီးနှံများအား ဆင်ဖြူတော်သုံးစီး ရံဖန်ရံခါ ၀င်ရောက်ဖျက်ဆီးလျက်ရှိသည်။၎င်းသတင်းစကားအား ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးထံသို့နားတော်ပေါက်ကြားသောအခါ မရမနေဖမ်းဆီးရန် မင်းမိန့်ဖြင့် ရမည်းသင်းမြို့စား ရဲသီဟ နှင့် ညီဖြစ်သူ ရဲဒိဗ္ဗတို့အား တာဝန်ပေးစေလွှတ်ရာရဲသီဟ နှင့် ရဲဒိဗ္ဗတို့ ညီအစ်ကိုနှစ်ဦးသည် ကျည်တောင်ရွာသို့ ရောက်ရှိလာပြီး ဆင်ဖြူတော်များ၏ သတင်းကိုစုံစမ်း၍ ပေါင်းလောင်းမြစ်၏ အရှေ့ဘက်ကမ်းသို့ကူးခါ ယခု ဆင်ဖြူတောင်ဟုခေါ်သော တောင်တော်အနီးဇီးပင်များ ၀ိုင်းရံလျက်နေသော နေရာ၌ခေတ္တစခန်းချနေ
ထိုင်ကြလေသည် ။


ယင်းကဲ့သို့ ဆင်ဖြူတော်များဖမ်းဆီးရန် ခေတ္တစခန်းချနားခိုနေထိုင်သော ဇီးပင်များဝန်းရံလျှက်ရှိသည့် ၄င်းနေရာလေးအား နောင်အချိန်တွင် ရွာတည်ဆောက်သောအခါ "ဇီးဝိုင်းရွာ" ယခု "ဇီးရိုင်းရွာ" ဟု အမည်တွင်ခဲ့လေသည် ။ဆက်လက်၍ ဆင်ဖြူတော်များ၏ သွားလာလှုပ်ရှားမှု့သတင်းအားစုံစမ်းရင်းလိုက်လံရှာဖွေဖမ်းဆီးရာ ဆင်ဖြူတော်များမှာ ယခုဆင်ဖြူတောင် ဟုခေါ်သော တောင်တော်၌မြေကိုခွင်း၍ ၀င်ရောက်ပျောက်ကွယ်သွားပြီး ဆင်ဖြူတော်များ မြေကိုခွင်း၍ ၀င်သွားသောတွင်းသာလျှင်တွေ့ရလေသည် ။
ယင်းကဲ့သို့ ဆင်ဖြူတော်များ မြေကိုခွင်း၍ ပျောက်ကွယ်သွားရာ ထိုတောင်တော်အား ယခုအခါ "ဆင်ဖြူတောင်" ဟူ၍ခေါ်ဝေါ်သမုဒ်ကြလေသည်။ဆင်ဖြူတော်များမြေကိုခွင်း၍ ပျောက်ကွယ်သွားသော ဆင်ဖြူတွင်းမှာ ယခုအချိန်ထိ အထင်အရှားရှိနေပေသည်။ ရဲသီဟနှင့်ရဲဒိဗ္ဗ တို့ညီအစ်ကို နှစ်ဦးသည် ဆင်ဖြူတော်များ ပြန်လည်ထွက်လာမည့် အချိန်ကိုစောင့်ဆိုင်းစုံစမ်းရင်း ကျည်တောင်ရွာလေးသို့ ပြန်လည်ရောက်ရှိ၍ စခန်းချနေထိုင်ကြစဉ် ဘ၀ရေစက်ကြောင့် ဦးဖြိုး+ဒေါ်မယ်သာ တို့၏ သမီးချောနှစ်ယောက်ဖြစ်သည့် မဖြူ- မညိုတို့နှင့် ရင်းနှီး
ကျွမ်းဝင်၍ မေတ္တာမျှခဲ့ကြလေသည် ။
ထိုအချိန်တွင် တိုင်းရေးပြည်ရေးအခြေအနေအရ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ ရဲသီဟနှင့် ရဲဒိဗ္ဗ တို့ညီအစ်ကိုနှစ်ယောက်အားအမြန်ပြန်လာရန် အမိန့်တော်ရောက်ရှိ၍ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့သည် မဖြူ-မညိုအား မင်းအမိန့်ကြောင့် ပြန်ရမည်ဖြစ်၍ သုံးလကြာလျှင် ပြန်လာပြီးလက်ထပ်ထိမ်းမြှားပါမည်ဟု ကတိပြုကာ ပုဂံမင်းနေပြည်တော်သို့ပြန်သွားကြလေသည်။
အခန်း(၃)
ကြက်ဆူအိုင်သိုက်မှ သိုက်နန်းရှင်များသည် သိုက်ဆရာ၏ အန္တရာယ်ကြောင့် ရွှေလှေ ငွေလှေများ လှော်ခတ်၍  အရှေ့စူးစူးအတိုင်းနေရောင်ပြအင်းကိုဖြတ်ပြီး ထွက်ခွာလာကြရာ ကျည်တောင်ကျေးရွာ၏  အနောက်ဖက် ယခုကြာကန်ကြီးဟုခေါ်သော ရေကန်သို့အရောက်တွင် ခေတ္တနားနေ၍ ငုတ်လျှိုပျောက်ကွယ်ခဲ့လေသည် ။


ယင်းသို့ ရွှေလှေ ငွေလှေများ ခေတ္တနားနေခဲ့သောနေရာအား  ယခုအခါ " ကြာကန်ကြီး" ဟု အမည်တွင်ခဲ့လေသည်။ ကြက်ဆူအိုင်ကျေးရွာမှ သိုက်ဆရာ ဦးကံဝသည်  သိုက်စာအရ ဦးပဉ္ဇင်းဝတ်၍ ကျည်တောင်ကျေးရွာသို့ ရောက်ရှိလာပြီး တပည့်ဖြစ်သူမောင်ကျောက်ဖားဆိုသူနှင့် သိုက်တူးရန် စီစဉ်ကြလေသည် ။


ဆက်လက်ဖတ်ရှုရန်...

အမေ့အလွမ်းပြေများ




အမေ့ကို လွမ်းတိုင်း အမေသီချင်းတွေကိုနားထောင်တတ်တဲ့ သားပါအမေ ။ ဘယ်လိုနေရာကိုပဲရောက်ရောက်သားကတော့အမေ့ကိုအမြဲတမ်းတသတိရနေတဲ့ သား ပါအမေ ။ သားလို အမေ နဲ့ခွဲပြီးနေရသူများအားလုံး ဆန္ဒတွေပြည့်စုံပါစေလို့သားအမြဲတမ်းဆုတောင်းပေးနေမှာပါ ။ သားချစ်တဲ့ မေမေ ပျော်ရွှင်ချမ်းမြေ့နေပါစေ လို့ သားကြီးအမြဲတမ်း ဘုရားမှာ ဆုတောင်းနေပါတယ် မေမေ ။ ကိုဖြိုး

ဆက်လက်ဖတ်ရှုရန်...

ကျည်တောင်ရွာသမိုင်း


လှေခွင်းတောင်သမိုင်းအကြောင်းကို ရေသားဖော်ပြရာ၌ လှေခွင်းတောင်သမိုင်း၏ အခြေခံကျသည့် ကျည်တောင်ကျေးရွာအကြောင်းကိုချန်လှပ်၍ မရပေ။ သို့ပါ၍ ကျည်တောင်ကျေးရွာအကြောင်းကို ရှေးဦးစွာ ဖော်ပြလိုပေသည် ။ကျည်တောင်ကျေးရွာကို ရှေးလွန်ခဲ့သော နှစ်ပေါင်းရှစ်ရာကျော်ခန့်က ကရင်အမျိုးသားတစ်ဦးဖြစ်သော "သန်းကောက်"ဆိုသူမှ ကရင်ပြည်နယ် အနောက်ဖျားရှိ ငွေတောင်နှင့် နောင်ပုလဲမှ ကရင်လူမျိုး မိသားစု (အိမ်ထောင်စု) များအား ခေါ်ဆောင်လာပြီးဆိပ်ကမ်းသာယာသော ဤနေရာလေး၌ ရွာတည်ထောင်ထားခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က ဤရွာကလေးမှာ အိမ်အနည်းငယ်မျှသာ ရှိသေးသည်။ကျည်တောင်ရွာ၏ အနောက်မြောက်ဖက်တွင် ရေဆင်းရွာရှိသည်။ ကျည်တောင်ရွာ နှင့် ရေဆင်းရွာများတွင် ထိုစဉ်က ကရင်အမျိုးသားများ အများစု နေထိုင်ကြသည်။ ကျည်တောင်ရွာသည် ပေါင်းလောင်းမြစ်၏ အနောက်ဖက်ကမ်းတွင် တည်ရှိပြီး ဆိပ်ကမ်းကောင်းတစ်ခုဖြစ်သည်။ကေတုမတီ တောင်ငူပြည်နှင့် ကျည်တောင်ရွာမှ စစ်တောင်းမြစ်ကြောင်းအတိုင်း ဆက်သွယ်လျှက်ရှိသောကြောင့် ရေလမ်းဖြင့်ကူးသန်းရောင်းဝယ်နိုင်သည်။

ကျည်တောင်ရွာနှင့်ရမည်းသင်းမြို့မှာ ကုန်းလမ်းခရီးဖြင့်ကူးသန်းရေင်းဝယ်နိုင်သည်။ ထို့ကြောင့်ရှေးအခါက အထက်အရပ်နှင့်အောက်အရပ် ကုန်သည်များကုန်စည်ဖလှယ်ရာရွာကလေးဖြစ်ခဲ့သည်။ကျည်တောင်ရွာ၏ မြောက်ပိုင်းတွင် ကုန်းမြင့်တစ်ခုရှိသည်။ ရွာကုန်းဟုခေါ်ခဲ့ကြသည်။အနောက်ပိုင်းကာလအတန်ကြာသောအခါ ကူးသန်းရောင်းဝယ်ရေးကောင်းသော ဤရွာကလေးသို့ ရှမ်းစော်ဘွားမျိုးနွယ်စုများ ရောက်ရှိလာပြီး ဤရွာကုန်းပေါ်တွင် ဟော်နန်းတစ်ခုတည်ဆောက်၍ ရှမ်းစော်ဘွားမျိုးနွယ်စုများ ကြီးစိုးနေထိုင်ခဲ့ကြလေသည်။ကျည်တောင်ကျေးရွာကို ရှေးအခါက "ကြည့်တောင်ရွာ" ဟုခေါ်ကြသည်။ ကြည့်တောင်ရွာဟု ခေါ်ဆိုကြခြင်းမှာ ပေါင်းလောင်းမြစ်၏ အရှေ့ဘက်ကမ်းရှိ တောင်တန်းကြီးများကို ကြည့်လျှင် အလွန် ကြည်နူးဖွယ် ရှု့ခင်းကြီးအဖြစ် တွေ့မြင်ရပြီးသာယာသော တောင်တန်းကြီးများ၏ ရှု့ခင်းများကို ကြည့်ရသောကြောင့် "ကြည့်တောင်ရွာ" ဟု၎င်း၊ လှေခွင်းတောင်သိုက်သမိုင်းအရ "မယ်ဖြူ-မယ်ညို" တို့ ညီအမသည် ငယ်စဉ်က မိဘနှစ်ပါးကို သွားရောက်ကြိုကြသည့် အခါတိုင် အမြဲမျှော်ကြည့်ခဲ့ရ
သော ရွာကလေးဖြစ်၍၄င်း၊ "ကြည်တောင်ရွာ " ဟု အမည်တွင်ခဲ့လေသည်။ နောင်ကာလရွေ့လျားလာသောအခါ "ကြည့်တောင်ရွာ"မှ ယခုအခါ "ကျည်တောင်ရွာ" ကလေးဖြစ်လာခဲ့ပေသည်။

ဆက်လက်ဖတ်ရှုရန်...

ဘိုးဘိုးအောင်နှင်ဘိုးမင်းခေါင်

အဘဘိုးဘိုးအောင် နှင့် အဘဘိုးမင်းခေါင် စံနန်းပုံ



ဘိုးဘိုးအောင်နှင့်ဘိုးမင်းခေါင်

ဆက်လက်ဖတ်ရှုရန်...

ဘုရားတောင်ပေါ်သို့

ဘုရားတောင်ပေါ်သို့တက်ရန် ပထမဆုံးစောင်းတန်းအား တွေ့မြင်သောပုံ


စောင်းတန်းနှင့်မလှမ်းမကမ်းရှိ ကန်နားကျောင်းတိုက်ပုံ

ဆက်လက်ဖတ်ရှုရန်...

မယ်ညိုစံနန်းဆောင်

မယ်ညိုစံနန်းဆောင်အားအပြင်မှတွေ့မြင်ရသောပုံ


မယ်ညိုရုပ်ထုပုံအားအနီးကပ်တွေ့မြင်ရသောပုံ

ဆက်လက်ဖတ်ရှုရန်...

လှေခွင်းတောင်ဘုရားပုံတော်များ

ဘုရားတောင်ခြေတွင်တွေ့မြင်နိုင်သော အ၀င်မုဒ်ဦးအားတွေ့မြင်ရသောပုံ

ဘုရားတောင်ခြေရင်းမှ ဆုတောင်းပြည့်ဘုရားရုပ်ထုတော်ပုံ

အပြင်မှဖူးမြော်ရသောပုံ

ဆက်လက်ဖတ်ရှုရန်...

ရှု့ခင်းသာယာသည်နေရာ


ပေါင်းလောင်းမြစ် စီးဆင်းလာမှု့ မြင်ကွင်းလေးတစ်ခုဆိုလည်း မမှားနိုင်ပါဘူး ။
တကယ့်ကို အေးချမ်းတဲ့မြင်ကွင်းပါပဲဗျာ ။

မြစ်ထဲမှာရေချိုးလို့ရလည်းရပါတယ်ဗျာ။ ရေကစားချင်တယ်ဆိုရင်လည်း အချိန်မရွေးပဲ ။
ပျော်စရာကောင်းတယ်နော်။ တစ်ခေါက်တစ်ခါလောက်တော့ သွားကြည့်စေချင်တယ်ဗျာ ။

ဆက်လက်ဖတ်ရှုရန်...

သာယာဖွယ်ရာမြင်ကွင်း


လှေခွင်းတောင်ဘုရားတောင်ပေါ်မှမြင်တွေ့ရသော ရွာသုံးရွာ၏ အလှရှု့ခင်းဖြစ်ပါသည် ။ရွာသုံးရွာ အမည်များမှာ ကျည်တောင်ရွာ ။ခေါမရွာ နှင့် ပေါင်းလောင်းမြစ်တစ်ဘက်ကမ်းရွာမှာ သာယာဝှမ်းရွာဖြစ်ပါသည်။ ကျည်တောင်ရွာနှင့်ခေါမရွာမှာ တဆက်တည်းတည်ရှိပြီးသွား လာရန်အဆင်သင့်ပါသည် ။သာယာဝှမ်းရွာသို့ သွားလိုပါက မြစ်ကိုဖြတ်ထားသော တံတားဖြင်သွားလာနိုင်ပါသည် ။မြန်မာပြည်၏ သာယာလှပမှု့ကို တစ်စိတ်တစ်နေရာကနေထောက်ပံ့
ပေးသောနေရာလေးတစ်ခုဖြစ်မယ်လို့လည်းမြင်မိပါတယ်ခင်ဗျာ။ ဟုတ်မဟုတ်ကိုတော့ကိုယ်တိုင်သွားရောက်လှည်ပါတ်စေချင် ပါတယ်ခင်ဗျာ ။

ဆက်လက်ဖတ်ရှုရန်...

ကြည်ညိုဖွယ်ရာ ရွှေလှေငွေလှေဘုရား


ရွှေလှေငွေလှေဘုရားမှာ ကိုးမုဒ်ပြန်စေတီတော်ကြီးမှ တောင်ဘက်အရပ်တွင် တည်ထားသောစေတီ
နှစ်ဆူဖြစ်ပါသည် ။ ထိုစေတီနှစ်ဆူ၏ ဘေးပါတ်လည်ဝန်းကျင်သည်လည်း အေးချမ်းသောရှု့ခင်းများနှင့်
ငြိမ်းချမ်း၍ အေးချမ်းသာယာသော နေရာလေးတစ်ခုဖြစ်ပါသည် ။

ဆက်လက်ဖတ်ရှုရန်...

ကိုးမုဒ်ပြန် လှေခွင်းတောင်စေတီတော်မြတ်ကြီး




တည်နေရာ - မန္တလေးတိုင်း ။
ရမည်းသင်းခရိုင် ။
ပျဉ်းမနားမြို့ ။
ကျည်တောင်ကျေးရွာအနီး။

ဆက်လက်ဖတ်ရှုရန်...

 

Usage Rights

DesignBlog BloggerTheme comes under a Creative Commons License.This template is free of charge to create a personal blog.You can make changes to the templates to suit your needs.But You must keep the footer links Intact.